NLD ရပ်တည်ရေးအမှု ၂၈ ရက်နေ့ အမိန့်ချမည်Mizzima
NLD လူငယ်စာဖတ်ဝိုင်း ပြုလုပ်
လူငယ်စာဖတ်ဝိုင်းတခုကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ယနေ့၊ ဇန်န၀ါရီ ၂၆ ရက် ၂၀၁၁ ခုနှစ်တွင် ရန်ကုန် ပါတီရုံးချုပ်၌ ပြုလုပ်ရာ လူငယ် ၅၀ ခန့် လာရောက်ခဲ့သည် (ဓာတ်ပုံ – မဇ္ဈိမ)။ ရန်ကုန်၊ ပဲခူးနှင့် မကွေးမြို့မှ ၂၀-၂၅ နှစ်အကြားရှိ NLD လူငယ်များသာမက အခြားလူငယ်များပါ လာရောက်ရာ ထိုအထဲတွင် အမျိုးသမီး ၁၅ ဦးခန့် ပါဝင်ခဲ့သည်။ စာဖတ်ဝိုင်းကို ဒေါ်အောင်ဆန်းစုကြည် နေအိမ်အထိန်းသိမ်းခံမှ ပြန်လွတ်အပြီး ပထမဆုံး ပြုလုပ်ခြင်း ဖြစ်သည်။
NLD လူငယ်စာဖတ်ဝိုင်း ပြုလုပ်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ်စာဖတ်ဝိုင်းကို ယနေ့၊ ဇန်န၀ါရီ ၂၆ ရက် ၂၀၁၁ ခုနှစ်တွင် ရန်ကုန် ပါတီရုံးချုပ်၌ ပြုလုပ်ရာ သဘာပတိအဖြစ် ဒုဥက္ကဋ္ဌ ဦးတင်ဦး ဆောင်ရွက်စဉ် (ဓာတ်ပုံ – မဇ္ဈိမ)။ စာဖတ်ဝိုင်းသို့ ပါတီဝင်များသာမက စိတ်ပါဝင်စားသူ လူငယ်များပါ တက်ရောက်ရာ ဦးရေ ၅၀ ခန့် ရှိခဲ့သည်။ စာရေးဆရာ မုံရွာအောင်ရှင်နှင့် ချောင်းသာမြို့နယ် ၁၉၉၀ ခုနှစ် လွှတ်တော်အမတ် ဦးအောင်ကြည်ညွန့် ဦးဆောင်ကာ လူငယ်များပါ ဆွေးနွေးခဲ့သည်။ စာဖတ်ဝိုင်းကို နေ့လည် ၂ နာရီခန့်မှ ညနေ ၄ နာရီခန့်အထိ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
http://www.mizzimaburmese.com/news/inside-burma/6792-nld—-.html audio



