Skip to content

ဗိုလ်ချုပ်ဈေး မီးလန့် Irrawaddy blog

January 26, 2011

ဗိုလ်ချုပ်အောင်ဆန်းဈေး (ခေါ်) စကော့ဈေးမှာ ဒီနေ့ ဇန်န၀ါရီလ ၂၆ ရက်နေ့ ညနေပိုင်းက မီးလန့်ခဲ့ပါတယ်။ ဒါပေမယ့် အချိန်မီ မီးငြှိမ်းသက်နိုင်ခဲ့ပြီး အပျက်အစီး နည်းပါးခဲ့
တယ်လို့ သတင်းရရှိပါတယ်။

ဆိုင်ခန်းပေါင်း ၄၀၀၀ ကျော်ရှိတဲ့ ဗိုလ်ချုပ်ဈေးမှာ ဒီနေ့ ညနေ ၄ နာရီကျော် လောက်က ဖြစ်သွားတာပါ။

ဗိုလ်ချုပ်ဈေး A ရုံမှာရှိတဲ့ ဦးလေးကြီး ဂါဝန်ဆိုင် ကနေတဆင့် စလောင်ကျွမ်းခဲ့တာဖြစ်ပြီး ဈေးသူဈေးသားတွေနဲ့
ဈေး စည်ပင်သာယာရေးက အချိန်မီ မီးငြှိမ်းသတ်ခဲ့တာကြောင့် ၁၅ မိနစ်လောက်ပဲ လောင်ကျွမ်းခဲ့လို့ အပျက်အစီး နည်းရတာလို့ ဈေးစည်ပင် ဝန်ထမ်း တဦးက ပြောပါတယ်။

“ဦးလေးကြီး ဂါဝန်ဆိုင်က စဖြစ်တာ။ မီးစလောင်တာက ၀ါယာရှော့ခ်လို့ ပြောတယ်။ ဒါပေမယ့် စုံစမ်းဆဲပါ” လို့ သူက ဆိုပါတယ်။

မီး စတင်လောင်ကျွမ်းတဲ့ ညနေ ၄ နာရီကျော်လောက်မှာ ဆိုင်ခန်းအများစု ပိတ်သွားပြီး ဖြစ်ပေမယ့်
ဈေးဝယ်တဲ့ သူတွေ ရှိနေဆဲဖြစ်တာကြောင့် မီးလောင်ကျွမ်းတာကို ချက်ချင်းသိပြီး အချိန်မီ ငြှိမ်းသတ်နိုင် ခဲ့တာပါ။

“လူတွေရှိနေတော့ ချက်ချင်း ဆိုသလို မီးငြှိမ်းလိုက်နိုင်တယ်။ ဈေးပိတ်ချိန် ညပိုင်းမှာသာ ဖြစ်ရင်တော့ တဈေးလုံး ကုန်ပြီပဲ” လို့ ဗိုလ်ချုပ်ဈေး ရတနာဆိုင် ပိုင်ရှင်တဦးက ရှင်းပြပါတယ်။

ဗိုလ်ချုပ်ဈေး မီးလောင်တယ် ဆိုတဲ့ သတင်း ရန်ကုန်မြို့တွင်း ချက်ချင်း ပျံ့နှံ့သွားတာကြောင့် ဆိုင်ပိုင်ရှင်တွေနဲ့
ဆွေမျိုးတွေ ရောက်လာပြီး ရန်ကုန်မြို့ခံတွေလည်း တော်တော်များများ ရောက်လာကြပါတယ်။

မြန်မာနိုင်ငံမှာ ဈေးမီးလောင်မှုတွေ မကြာခဏ ဆိုသလိုဖြစ်ပွားခဲ့ပြီး အများစုက ဝါယာရှော့ခ် ကြောင့် ဖြစ်တာပါ။ ပြီးတော့ တဈေးလုံး ကုန်အောင် လောင်တာများပါတယ်။

ဗိုလ်ချုပ်ဈေးကြီးဟာ မြန်မာနိုင်ငံ၏ သမိုင်းဝင် ဈေးကြီးတဈေးဖြစ်ပြီး ရတနာဆိုင်တွေ၊ ရွှေဆိုင်တွေ၊ အထည်ဆိုင်တွေ၊ နောက်ဆုံးပေါ် အလှကုန် ပစ္စည်းတွေအပါအ၀င် လူသုံးကုန်ပစ္စည်းတွေ ရောင်းချတဲ့ လက်လီ
လက်ကား ဈေးကြီးဖြစ်ပါတယ်။ နိုင်ငံခြားသားတွေ အများဆုံးလာရောက် လည်ပတ်ဈေးဝယ်တဲ့ ဈေးကြီးလည်း ဖြစ်ပါတယ်။

 

Advertisement
No comments yet

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Connecting to %s

Follow

Get every new post delivered to your Inbox.

Join 355 other followers