Skip to content

ကရင်နီပြည်ရှိ စေတီဘုရားအား DKBA မှလာရောက်ပြုပြင်

November 30, 2010

ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် ဒေါတဆေးရွာနားရှိ ဆင်မတောင်စေတီဘုရား တောင်တက်လမ်းအား ကတ္တရာများဖြင့် ခင်းကျင်းရန် DKBA တပ်ဖွဲ့နှင့် မြိုင်ကြီးငူဆရာတော် ဘဒ္ဒ  န္တသုဇန ဦးဆောင်ပြီး ဆောင်ရွက်လျက်ရှိသည်။

အခု DKBA အဖွဲ့နှင့် ဒေသခံပြည်သူများ လမ်းခင်ရန်လုပ်အားပေးနေသောပုံ (ဓါတ်ပုံ-ကယားလီဖု)

အခု DKBA အဖွဲ့နှင့် ဒေသခံပြည်သူများ လမ်းခင်ရန်လုပ်အားပေးနေသောပုံ (ဓါတ်ပုံ-ကယားလီဖု)

“DKBA အဖွဲ့ရဲ့ ဗိုလ်ချူပ်ကျော်သန်း တို့လည်းပါတယ်။ သူတို့ရဲ့ တပြည့်တွေကော်။ ကရင်ပြည်နယ်လှိုင်းဘွဲမြို့နယ်၊ ဘာအံ့မြို့နယ် ဘက်က ကရင်တွေလည်းလာတယ်။ အဖွဲ့အားလုံး မြိုင်ကြီးငူဆရာတော်က ဦးဆောင်ပြီး ဆင်မတောင်ရှိ တောင်တက်လမ်းကို လာခင်းပါတယ်” ဟုဒေသခံ တစ်ဦးကပြောသည်။

ကရင်နီပြည်နယ်အတွင်းမှ ဘာသာတူ ဒေသခံများကလည်း နေ့တိုင်းလာရောက် လုပ်အားပေးကြသည်။

“ကယား၊ ကယန်း၊ ပအိုဝ်၊ ရှမ်း၊ ဗမာ၊ ကရင် လူမျိုးပေါင်းစုံလာပြီး လုပ်အားပေးတာတွေ့ရပါတယ်”ဟု သွားရောက်လုပ်အားပေးသောဒေသခံ တစ်ဦးက ပြောသည်။

၎င်းတောင်တက်လမ်းသည် (၂) မိုင်ခွဲရှိပြီး လွန်ခဲ့သော ၁၉၉၅ ခုနှစ်တွင် မြိုင်ကြီးငူဆရာတော်တို့နှင့် DKBA အဖွဲ့တို့မှ ဘုရားစေတီတည်ထောင်ခဲ့ပြီး ဆင်မတောင်ဟု အမည်သွင်ထားခဲ့ကြောင် သိရသည်။ ကတ္တရာလမ်းခင်းရာတွင် ခန့်မှန်ခြေ သိန်းတစ်ထောင့်ရှစ်ရာ ကုန်ကျမည်ဟုသိရသည်။

http://ktimes.org/news/regional/item/851-dkba-come-to-repair-pagoda-in-karenni-state

 

Advertisement
No comments yet

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Connecting to %s

Follow

Get every new post delivered to your Inbox.

Join 355 other followers