Skip to content

HIV -World Aids Day-NLD-သွားရောက် အားပေးခဲ့ကြတဲ့ ကဗျာဆရာ၊ သီချငးေ်ရးဆရာ၊ ပန်းချီဆရာများ

November 28, 2010
သွားရောက် အားပေးခဲ့ကြတဲ့ ကဗျာဆရာ၊ သီချင်းရေးဆရာ၊ ပန်းချီဆရာများ
ကိုတိုးလွင်(ဥတ္တရအလင်း) နဲ့ တေးရေးဆရာ ကိုညီညီလွင်တို့မှ ဝေဒနာရှင်များအတွက် ကိုယ်တိုင် ရေးစပ်ထားတဲ့ သီချင်းနဲ့ ဖျော်ဖြေသီဆိုခဲ့ကြပါတယ်..

နိုဝင်ဘာလ(၂၈)ရက်နေ့က တောင်ဒဂုံမြို့နယ် (၁၈)ရပ်ကွက်မှာ ရှိတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူမှုအထောက်အကူပြု အဖွဲ့မှဖွင့်လှစ်ထားတဲ့ HIV ဝေဒနာရှင်များ နေထိုင်ရာ ဂေဟာသို့ မြန်မာပြည်တွင်းမှာရှိတဲ့ နာမည်ကြီး ကဗျာဆရာ၊ သီချင်းရေးဆရာ၊ ပန်းချီဆရာ (၂၀)ဦးခန့်မှ ဝေဒနာရှင်များအတွက် အလှူငွေများ၊ လိုအပ်သည့် ပစ္စည်းများ၊ ဖတ်ရှူရန် စာအုပ်၊ စာတမ်းများကို လာရောက် လှူဒါန်းခဲ့ကြပါတယ်..။

မြန်မာပြည်မှ နာမည်ကြီး ကဗျာဆရာ တေးရေးဆရာ ပန်းချီဆရာများ ဖြစ်သည့် ကိုတိုးလွင်(ဥတ္တရအလင်း) ကိုငြိမ်းသစ်၊ ကိုညီညီလွင်တို့အပါအဝင် လူဦးရေ (၂၀)ခန့်မှ မိမိတို့ ရရှိသည့် စာမူခ၊ တေးရေးခ စသည့် မိမိတို့ ရရှိသည့် ငွေများအား စုပေါင်း၍ လှူဒါန်းခဲ့ကြပါတယ်..။ လာမည့် ဒီဇင်ဘာလ (၂)ရက်နေ့မှာ ကျရောက်မည့် WORLD AIDS DAY ကို ရွှေဂုံတိုင်ရှိ အဖွဲ့ချုပ်ရုံးမှာ နံနက်(၁၀)နာရီမှ စတင် ကျင်းပပြုလုပ်မှာ ဖြစ်ပြီး အဆိုပါအခမ်းအနား၌~လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ ကိုယ်တိုင် ရေးဆွဲထားသည့် ပန်းချီကား (၃)ကား  လှူဒါန်းမှာ ဖြစ်ပြီး သားငယ် ကိုထိန်လင်းမှ HIV ဝေဒနာရှင်များအား ဂစ်တာတီးခတ် ဖျော်ဖြေပေးမှာ ဖြစ်ပါတယ်..။
ပြီးခဲ့တဲ့ ၂၂.၁၁.၂၀၁၀ခုနှစ်(တနင်္လာနေ့) ကလည်း ရုပ်ရှင်သရုပ်ဆောင် ဒါရိုက်တာဟောင်းဦးကျော်သူ နှင့်ဇနီးဒေါ်ရွှေဇီးကွက်၊ စာရေးဆရာမသန်းမြင့်အောင်၊ အဆိုတော် အနဂ္ဂ၊ သံသာဝင်း၊ ဟန်ထူးလွင်(ကျားပေါက်)နှင့်ဇနီး၊ ဒါရိုက်တာမင်းထင်ကိုကိုကြီးစသည့် စာပေ၊ ရုပ်ရှင်၊ ဂီတအနုအညာမောင်နှမများမှလည်း  တောင်ဒဂုံရှိ HIV ရောဂါဝေဒနာရှင်များ နားခိုရာဂေဟာ သို့သွားရောက်ပြီး ဒံပေါက်ထမင်း၊ ရေခဲမုန့်၊ အ၀တ်အစားများနှင့် ငွေများကိုလူသားချင်း ကူညီထောက်ထားသော စိတ်ဓါတ်တို့ဖြင့် သွားရောက်လှူဒါန်းခဲ့ကြပါတယ်..။
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှလည်း VOA သတင်းဋ္ဌာနနဲ့ တွေ့ဆုံမေးမြန်းခန်း တစ်ခု၌ “အခုလက်ငင်းကတော့ အန်တီတို့ ဆေးတွေ လုံလုံလောက်လောက် ၀ယ်နိုင်ဖို့အတွက် ရံပုံငွေတွေ လိုပါ တယ်။ အလှူငွေတွေ လိုပါတယ်။ အဲဒါကြောင့် ဒီအခွင့်အရေးကိုသုံးပြီးတော့ အားလုံးကူညီနိုင်တဲ့သူတွေ ကူညီကြပါလို့ ပြောချင်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ အန်တီတို့ အနေနဲ့ Antiretroviral Drug တွေ ၀ယ်ပေးဖို့ဆိုတာ တော်တော့်ကို လိုတယ်။ ဒီဆေးကလည်း သိတဲ့ အတိုင်းပဲ အပြတ်မခံဘူး။ ဆေးအတွက်ပဲ တော်တော်လိုတယ်။ နောက်ပီးတော့လည်း ဝေဒနာရှင်တွေရဲ့ စားရေး၊ သောက်ရေး လုံလုံလောက်လောက် ပေါ့နော်၊ ဖူလုံအောင် လုပ်ပေးနိုင်ဖို့လည်း ငွေလိုပါတယ်။ အဲဒါကြောင့်မို့လို့ ဒီ- ဗွီအိုအေကနေတဆင့် အန်တီ့ အနေနဲ့ မေတ္တာရပ်ခံပါရ စေ၊ အားလုံးပေါ့နော်၊ ကျမတို့ရဲ့ ကျမတို့ အချင်းချင်း၊ ကျမတို့ရဲ့ ညီအကိုမောင်နှမ တွေ၊ ကျမတို့ရဲ့ သားသမီး တွေဖြစ်တဲ့ အိပ်ခ်ျအိုင်ဗွီ ဝေဒနာရှင်တွေကို ကူညီဖို့အတွက် ၀ိုင်းပြီးတော့ လှူကြပါ။ ၀ိုင်းပြီးတော့ ပံ့ပိုးပေးကြပါ …လို့ မေတ္တာရပ်ခံချင်ပါတယ်”ဟု ပြောဆိုခဲ့ပါတယ်..။

http://nldlajb.blogspot.com/

Advertisement
No comments yet

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Connecting to %s

Follow

Get every new post delivered to your Inbox.

Join 355 other followers