Skip to content

Ngar Min Swe Post by Niknayman

November 25, 2010

ယနေ့  မနက်တွင် ရွှေဂုံတိုင်ရှိအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးရှေ့သို့ နအဖ၏ အာဘော်များကို အထူးရေးသားပေးနေသော (ငါးမင်းဆွေ) ဆိုသူ ရောက်ရှိလာပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အထွေထွေ အတွင်းရေးမှုးဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံလိုကြောင်း အော်ဟစ်ဆန္ဒပြခဲ့သည်။ ၄င်း (ငါးမင်းဆွေ) ရေးသားခဲ့သော မော်နီတာ ဂျာနယ်ပါ ဆောင်းပါးနှင့် ပတ်သက်ပြီး ရှင်းလင်းပြောကြားလိုကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်ကြောင့် အနောက်နိုင်ငံများမှ စီးပွါးရေးပိတ်ဆို့ထားမှုအား ဖယ်ရှားပေးစေလိုကြောင်း အော်ဟစ်တောင်းဆိုခဲ့ပါသည်။

ငါးမင်းဆွေအား အမျိုးသားဒီမိုကရေစီရုံးရှေ့သို့ လာရောက်ရန်အတွက် ဖုန်းဆက်ခေါ်ဆိုခဲ့သူမှာ လျှပ်တပြက်ဂျာနယ်မှ နအဖဖော်လံဖား မြတ်ခိုင်၏ သား ဇေယျာမြတ်ခိုင် ဖြစ်ပါသည်။ ငါးမင်းဆွေသည် အဖွဲ့ချုပ်ရုံးရှေ့ ထောက်လှမ်းရေးများထိုင်သော လက်ဖက်ရည်ဆိုင်တွင် ကြိုတင်ရောက်ရှိနေပြီး မော်နီတာဂျာနယ်၊ လျှပ်တပြက်ဂျာနယ်မှ ဇေယျာမြတ်ခိုင်မှ ဖုန်းဖြင့် (အကိုလာလို့ရပြီ၊ အဆင်သင့်ဖြစ်ပြီ) ဟု ပြော၍ လှမ်းခေါ်လိုက်ရာ ငါးမင်းဆွေရောက်လာပြီး ၄င်း၏ ဆောင်းပါးမိတ္တူများ တပွေ့တပိုက်နှင့် စတင်အော်ဟစ်ဆန္ဒပြပါတော့သည်။

http://www.niknayman-niknayman.co.cc/2010/11/blog-post_5284.html

ငါးမင်းဆွေမှ ၄င်းရေးသားခဲ့သော ဆောင်းပါးမိတ္တူများကို ပြည်တွင်းဂျာနယ်မှ ဂျာနယ်လစ်များနှင့် လူအချို့အား လိုက်လံဝေငှခဲ့ပြီး နိုင်ငံခြားသတင်းဌာနမှ သတင်းထောက်တစ်ဦးမှ ထိုမိတ္တူဆောင်းပါးကို တောင်းရာ ပြည်ပနိုင်ငံခြားသတင်းဌာနမှဆိုရင် မပေးနိုင်ကြောင်း ပြောဆိုခဲ့ပါသည်။ အကြောင်းစုံအား ဆက်လက်စုံစမ်းရာ ငါးမင်းဆွေ ရေးသားသော ဆောင်းပါးခေါင်းစဉ်တွင် ဒေါ်စုကြည်ဟု သုံးနှုံးထားသည်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင်များက မကျေနပ်ကြကြောင်း၊ ပြည်သူများမှလည်း မကျေနပ်ကြကြောင်း သိရပါသည်။

Advertisement
No comments yet

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Connecting to %s

Follow

Get every new post delivered to your Inbox.

Join 355 other followers