Information
တပ်မဟာ ( ၁ )
သထုံခရိုင်
တကော်ဘိုးကျေးရွာအုပ်စုဘားအံမြို့ နယ် မှ ရွာသားများ BGF စခန်းဆောက်ရန်၉-၁၁-၂၀၁၀ ရက်နေ့ မှစပြီး ယနေ့ ထိ သစ်ခုတ် ၊ ၀ါးခုတ်၊ ကတုတ်ကျင်းများတူးပေးနေရသော ကျေးရွာများမှာ( ၁ ) တကော်ဘိုး (၂) ထီးမယ်ဘိုး ( ၃ ) လယ်ဃဲ့ဃော့ ( ၄) ကွီးတခေါ့ ( ၅ )နိုတရေး ( ၆ ) ဘောတပြူ ( ရ ) မဲ့ပူ ( ဂ ) ကုန်းတန်းကြီး ( ၉ )စိန်ချောင်း ( ၁၀ ) ကုလားကုန်းဖြစ်သည်။
ရှားစေးဘို စခန်းထိုင် ရန်သူ ( ခလရ-၇၃ ) သည် ရှားစေးဘို ရွာသးများအား ၁၈-၁၁-၂၀၁၀ နေ့ တွင် ၀ါး ၁၅၀ ပို့ ပေးရန် အဓမ္မ စေခိုင်းပါသည်။ တနေ့ တည်းတွင် ထန်းကုန်း ၊ ရှားစေးဘို ရေရှာ ရွာတွင်းလည်းတ အိမ် ၀ါး တလုံး ဖြင့် စခန်းသို့ ပို့ ခိုင်းပါသည်။ ယ္ခု တွင်လည်း လိပ်သို ၊ ဘူဆာခီး ကားလမ်းတွင်လည်း ကလေးစိုး၊ ကော်သေးဒဲ မှရွာသားများသည်လည်း လမ်းခုတ်ထွင်ချင်း ၊ မိုင်းရှင်းချင်း များလုပ်နေရပြီး မိမိတို့ ၏ ကိုယ်ပိုင်အလုပ် များမလုပ်နိုင်ဘဲ နအဖ ၏ စေခိုင်းချင်းများကိုသာ လုပ်ပေး နေရလျက်ရှိသည်။

