ကမ္ဘာ့ငြိမ်းချမ်းရေးနေ့နှင့် ရွှေဝါရောင် တော်လှန်ရေး နှစ်ပတ်လည် အခမ်းအနား ထိုင်းနိုင်ငံ တောင်ပိုင်းတွင်ကျင်းပ
ယခုလ (၂၁)ရက်နေ့တွင် ကျရောက်သော ကမ္ဘာ့ငြိမ်းချမ်းရေး နေ့နှင့် (၂၆)ရက်နေ့တွင် ကျရောက်သော ရွှေဝါရောင် တော်လှန်ရေး နှစ်ပတ်လည်နေ့ အခမ်းအနားများကို ထိုင်းနိုင်ငံတောင်ပိုင်း၊ ဖန်ငပြည်နယ် ဘန်နမ်ခမ်းကျေးရွာတွင် ပူပေါင်း ကျင်းပခဲ့ကြသည်။
Andaman Migrant Network ဟု အမည်ပေးထားသည် အစိုးမဟုတ်သည့် အဖွဲ့အစည်းများ ပူးပေါင်းထားသည့် NGO ညွှန့်ပေါင်းအဖွဲ့မှ ဦးဆောင် ကျင်းပခဲ့ခြင်းဖြစ်သည်။ အဆိုပါ အခမ်အနားသို့ ဒေသခံ ထိုင်းလူမျိုးများ၊ ရွှေ့ပြောင်းမြန်မာ အလုပ်သမားများ၊ လူမှုရေး လုပ်သားများနှင့် အစိုးရမဟုတ်သည့် အဖွဲ့အစည်းများမှ ၀န်ထမ်းများ စုစုပေါင်း (၅၀)ခန့် တက်ရောက်ခဲ့ကြသည်။ ရှေးဦးစွာ ထိုင်းနှင့် မြန်မာ ဘုန်းတော်ကြီးများက တရား ရေအေး တိုက်ကျွေးပြီး အခမ်းအနားကို ဖွင့်လှစ်ပေးခဲ့သည်။ နေ့လည်ပိုင်းတွင် ထိုင်း၊ မြန်မာ ဘုန်းတော် ကြီးများ၊ ထိုင်းနှင့် မြန်မာ လူထုခေါင်းဆောင်များ၊ ထိုင်း၊ မြန်မာနှင့် ဒေသခံ စလုံလူမျိုး လူငယ်ခေါင်း ဆောင်များက ငြိမ်းချမ်းရေးနှင့် ပတ်သက်သည့် ၎င်းတို့၏ သဘောထားများကို အသီးသီး ပြောကြားသွားခဲ့ပြီး ငြိမ်းချမ်းရေးနှင့် ပတ်သက်သည့် အမြင်သဘောထားများကို ဆွေးနွေး ဖလှယ်ခဲ့ကြသည်။ ထို့နောက် မြန်မာနှင့် စလုံလူမျိုး ကလေးငယ်များက ရိုးရာ အကများဖြင့် ဖျော်ဖြေခဲ့ကြပြီး အခမ်းအနား တက်ရောက်လာသူများက ထိုင်းရိုးရာ အားကစားနည်းများကို ပျော်ရွှင်စွာ ကစားခဲ့ကြသည်။ ထိုအခမ်းအနားတွင် ရွှေဝါရောင် တော်လှန်ရေးနှင့် ပတ်သက်သည် သတင်းမှတ်တမ်းကားကိုလည်း ပြသခဲ့သည်။ အဆိုပါ အခမ်းအနားသို့ တက်ရောက်လာသည့် ထိုင်းနိုင်ငံ ကျောင်းသူခေါင်းဆောင်ဟောင်း Ms. Kodchawan Chaiyabutr က “ငြိမ်းချမ်းရေး မရှိလို့ လူ့အဖွဲ့အစည်းထဲမှာ ပဋိပက္ခတွေ များနေတာပါ။ ထိုင်းနိုင်ငံမှာပဲ ကြည့်ကြည့်၊ မြန်မာနိုင်ငံမှာပဲ ကြည့်ကြည့် တစ်ဦးနဲ့ တစ်ဦး မေတ္တာထားနိုင်မယ်၊ နားလည်မှုရှိရှိနဲ့ သည်းခံ ခွင့်လွှတ်ပြီး ချစ်ချစ်ခင်ခင် နေထိုင်နိုင်မယ်ဆိုရင် လူ့အဖွဲ့အစည်း တစ်ရပ်လုံး အေးချမ်းပြီး ဖွံ့ဖြိုးလာလိမ့်မယ်လို့ ကျမ ယုံကြည်ပါတယ်။ တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ ငြိမ်းချမ်းရေးကိုရဖို့ ကိုယ့်ဒေသတွင်း၊ ကိုယ့်ရပ်ရွာ၊ ကိုယ့်လူ့အဖွဲ့အစည်း အတွင်းမှာ တနိုင် တပိုင်နဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို အစပျိုး လုပ်ဆောင်ရမှာပါ” ဟု ပြောဆို သွားခဲ့သည်။ အစိုးရမဟုတ်သည့် အဖွဲ့အစည်းများ စုပေါင်းဖွဲ့စည်းထားသည့် Adman Migrants Network တွင် ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖေါင်ဒေးရှင်း (FED)၊ စတိယမ် ကိုစင် ဖေါင်းဒေးရှင်း (SNF)၊ နိုင်ငံတကာ ရွှေ့ပြောင်း အလုပ်သမားများအဖွဲ့ (IOM)၊ ဝေါလ် ဗွီးရှင်း (WVFT)နှင့် ကာမီလို အဖွဲ့ (Camelo)တို့ ပါဝင်သည်။
http://www.ghre.org/mm/news/557-2010-09-28-10-29-43/ |
ယခုလ (၂၁)ရက်နေ့တွင် ကျရောက်သော ကမ္ဘာ့ငြိမ်းချမ်းရေး နေ့နှင့် (၂၆)ရက်နေ့တွင် ကျရောက်သော ရွှေဝါရောင် တော်လှန်ရေး နှစ်ပတ်လည်နေ့ အခမ်းအနားများကို ထိုင်းနိုင်ငံတောင်ပိုင်း၊ ဖန်ငပြည်နယ် ဘန်နမ်ခမ်းကျေးရွာတွင် ပူပေါင်း ကျင်းပခဲ့ကြသည်။


