Skip to content

မင်းထက်အောင်(စက်တင်ဘာ-၂၆)။ by Kaowao

September 27, 2010

မင်းထက်အောင်(စက်တင်ဘာ-၂၆)။    ။ ပြီးခဲ့သည့်ရက်ပိုင်းအတွင်း မြဝတီရဲစခန်းကို သေနတ်ဖြင့်ဝိုင်းရံခဲ့သော ဒီကေဘီအေဗိုလ်စောကျော်သက်နှင့် တပ်ဖွဲ့ဝင်(၂၀)ယောက်တို့အား မြဝတီရဲစခန်းမှ အမှုဖွင့်ထားကြောင်း ခိုင်လုံသောသတင်းရပ်ကွက်များမှ သိရသည်။

“ဥပဒေနှင့်အညီသိမ်းဆည်းထားတဲ့မော်တော်ယာဉ်တွေကို လက်နက်များဖြင့်ချိန်ရွယ်လုယက်ခြင်း၊ လက်နက်များဖြင့် အများပြည်သူအထိတ်တလန့် ဖြစ်အောင်ပြုလုပ်ခြင်းစတဲ့ပုဒ်မတွေနဲ့ အမှုဖွင့်လိုက်တယ်” ဟု ရဲအသိုင်းအဝိုင်းနှင့် နီးစပ်သူတစ်ဦး ပြောသည်။

စက်တင်ဘာလ(၂၃) ရက်နေ့တွင် ဒုရဲအုပ်စိုးနိုင်ဝင်းမှ တိုင်တန်းသဖြင့် မြ၀တီရဲစခန်း၌အမှုဖွင့်လှစ်ပြီး ရဲအုပ် စခန်းမှူးအောင်မျိုးလွင် စစ်ဆေးဆောင်ရွက်လျှက်ရှိသည်ဟု သိရသည်။

သို့ရာတွင် ဗိုလ်စောကျော်သက်သည် အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးထံ အသနားခံစာတင်ခဲ့သော်လည်း တိုင်းမှူးမှလက်မခံဟု သိရသည်။

ဒီကေဘီအေ အခမ်းအနားတစ်ခု

“ဒီကိစ္စမှာပါတဲ့ဒီကေဘီအေအဖွဲ့တွေကိုလည်း ဆင့်ခေါ်ထားတယ်၊ ကားတွေကိုလည်း ပြန်မပေးတော့ဘူး၊ နောက်အခါ ဒီလိုပြဿနာမျိုးထပ်ဖြစ်ရင် ပစ်မိန့်ရထားပြီ”လည်း မြဝတီအာဏာပိုင်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

နယ်ခြားစောင့်တပ်ဖွဲ့(၁၂) တပ်ရင်း တပ်အသွင်ပြောင်းလဲခဲ့ပြီးသော်လည်း လက်ကျန်ဒီကေဘီအေတပ်ဖွဲ့ဝင် အများအပြားကျန်ရှိနေသေးသဖြင့် ၄င်းတပ်ဖွဲ့များရပ်တည်ရေးအတွက် ဘဏ္ဍာငွေများလိုအပ်နေသည်ဟု သိရသည်။

ဒီကေဘီအေရပ်တည်ရေးအတွက် ရံပုံငွေများရှာဖွေရေးလုပ်ငန်းတွင် ထိုင်းနယ်စပ်မှဇိမ်ခံကားများအား အာဏာပိုင်များနှင့်နားလည်မှုရယူကာ ပြည်တွင်းသို့ပို့ဆောင်ပေးခဲ့သည်မှာ ဆယ်စုနှစ်ကျော်ကြာမြင့်ခဲ့ပြီး ဖြစ်သည်။

ပြီးခဲ့သည့်စက်တင်ဘာလ(၂၁)ရက်နေ့ ညနေပိုင်းတွင်  မြ၀တီခရိုင်ရဲတပ်ဖွဲ့မှူး ရုံးရှေ့သို့ ဗိုလ်စောကျော်သက်ဦးဆောင်အဖွဲ့မှ လက်နက်မျိုးစုံကိုင်ဆောင်ကာ ၄င်းရက်ပိုင်းအတွင်း သိမ်းဆည်းထားသော ဒီကေဘီအေမော်တော်ယာဉ်များ ပြန်လည်တောင်းယူရာမှ အခင်းဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ယခုအခါ ဗိုလ်စောကျော်သက်အဖွဲ့လှုပ်ရှားမှုအား စစ်အစိုးရတပ်ဖွဲ့မှ အနီးကပ်စောင့်ကြည့်နေသည်ဟု သိရသည်။
ထို့အပြင် မြဝတီမြို့ပေါ်ရှိ မြင့်မားသောတိုက်တာအဆောက်အဦးများပေါ်တွင်လည်း စစ်အစိုးရတပ်ဖွဲ့များ နေရာယူထား မျက်မြင်တွေ့ရှိသူများ ဆက်သွယ်ပြောကြားချက်အရ သိရသည်။

အဆိုပါဖြစ်ရပ်သည် ပြီးခဲ့သည့်လတွင် ကရင်နယ်ခြားစောင့်တပ်များဖွဲ့စည်းအပြီး စစ်အစိုးရနှင့် ဒီကေဘီအေအကြား ပထမဆုံးအကြိမ်ဖြစ်ပေါ်ခဲ့သော တင်းမာမှုကြီး ဖြစ်သည်။

နောက်ဆုံးဝင်ရောက်လာသောသတင်းအရဆိုပါ ဗိုလ်စောကျော်သက်အဖွဲ့သည် ၎င်းစခန်းမှ ယနေ့နံနက်ပိုင်းတွင် အခြားတနေရာသို့တိမ်းရှောင်သွားသည်ဟုသိရသည်။

http://www.kaowao.org/b/2010news-september-26a.php

Advertisement
No comments yet

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Connecting to %s

Follow

Get every new post delivered to your Inbox.

Join 355 other followers