Skip to content

မင်းချမ်း(စက်တင်ဘာ-၂၆)။ by Kaowao news

September 26, 2010

မင်းချမ်း(စက်တင်ဘာ-၂၆)။     ။ မိမိထိန်းချုပ်ဒေသများအား စစ်ရေးနယ်မြေအဖြစ်သတ်မှတ်ထားပြီး နအဖတပ်ဖွဲ့များဝင်ရောက်ပါကပစ်ခတ်ရန် မွန်ပြည်သစ်ပါတီမှ သက်ဆိုင်ရာတပ်မှူးများသို့ အမိန့်ပေးထားသည်ဟု အမည်မဖေါ်လိုသော ဗဟိုကော်မတီတစ်ဦး ပြောကြားသည်။

“နအဖတပ်တွေဝင်လာရင် အထက်အမိန့်တင်ပြစောင့်ဆိုင်းနေစရာမလိုဘဲ တပ်မှူးတွေကိုပစ်ခတ်နိုင်တဲ့ စစ်ဇုံတွေသတ်မှတ်ပေးခဲ့တယ်၊ အလစ်အငိုက်မမိဖို့ပါ၊ သူတို့နယ်ထဲကိုယ်လည်းမသွားနဲ့ ကိုယ်နယ်မြေထဲသူတို့လည်း သူတို့မလာစေနဲ့” ဟု လွန်ခဲ့သည့်ရက်ပိုင်းအတွင်း ကျင်းပပြီးခဲ့သည့် ဗဟိုကော်မတီအစည်းအဝေးမှ ဆုံးဖြတ်အတည်ပြုချက်ချခဲ့သည်ဟု ပြောသည်။

သို့ရာတွင် စစ်ရေးနှင့်မသက်ဆိုင်သည့် စစ်အစိုးရဝန်ထမ်းများသွားလာလှုပ်ရှားမှုကို ပိတ်ပင်မည်မဟုတ်ဟု သိရသည်။

မွန်အမျိုးသား လွတ်မြောက်ရေး တပ်မတော်လှုပ်ရှားမှုဓါတ်ပုံ

မွန်အမျိုးသား လွတ်မြောက်ရေး တပ်မတော်လှုပ်ရှားမှုဓါတ်ပုံ

မွန်ပြည်သစ်ပါတီဗဟိုကော်မတီ ခြောက်လပတ်ပုံမှန်အစည်းအဝေးကို ပြီးခဲ့သည့်စက်တင်ဘာလ(၁၈-၂၀) ရက်နေ့အတွင်း ရေးချောင်းဖျားရှိ ဗဟိုဌာနချုပ်၌ ကျင်းပခဲ့ခြင်းဖြစ်သည်။

ထိုအစည်းအဝေး၌ အပစ်အခတ်ရပ်စဲမှုသက်တမ်း (၁၅)နှစ်ကာလ အခြေအနေများကိုလည်း ပြန်လည်သုံးသပ်ကြသည်ဟု သိရသည်။

ထို့အပြင် အနားယူခဲ့သည့် နိုင်ချမ်းတွဲ့နေရာတွင် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် နိုင်အောင်မင်းအား ဗဟိုတွဲဖက်အတွင်းရေးမှူးအဖြစ် အစားထိုးခန့်အပ်ခဲ့သည်။

၎င်းနောက် ဗဟိုအလုပ်အမှုဆောင်နိုင်တလညီအား ပြည်ပရေးရာဌာနတာဝန်ခံအဖြစ် ပြောင်းရွေ့ခန့်အပ်သည်။

လက်ရှိတွင် နိုင်ချမ်းတွဲ့အနားယူသွားသဖြင့် ဗဟိုအလုပ်အမှုဆောင်(၈) ဦးသာ ပေါလစ်ဗျူရိုအဖြစ် ဦးဆောင်နေသည်။

၂၀၀၉ ခုနှစ်၊ သတ္တမအကြိမ် မွန်ပြည်သစ်ပါတီကွန်ကရက်သည် ဗဟိုကော်မတီအဖွဲ့ဝင်(၂၇)ဦး၊ အရန်(၅) ဦးရွေးချယ်ခဲ့ပြီး ၄င်းအထဲမှဗဟိုအလုပ်အမှုဆောင်(၉) ဦး တဖန်ရွေးချယ်ခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် စက်တင်ဘာလ(၁) ရက်နေ့တွင် မွန်ပြည်သစ်ပါတီမှ လက်နက်မစွန့်လျှင် စစ်အစိုးရမှမတရားအသင်းအဖြစ် သတ်မှတ်မည်ဟု ပြောကြားခဲ့သည်။

သို့ရာတွင် နှစ်ဖက်တပ်ဖွဲ့အကြားပစ်ခတ်မှုများ မရှိသေးဟုသိရသည်။

http://www.kaowao.org/b/2010news-september-26.php

Advertisement
No comments yet

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Connecting to %s

Follow

Get every new post delivered to your Inbox.

Join 355 other followers