Skip to content

လက်မှတ်မရှိသော အလုပ်သမား (၈၃၀) ဖမ်းဆီးခံရ

June 22, 2010

burmese_migrant_worker_830

ထိုင်းနိုင်ငံအတွင်းရှိ နေထိုင် အလုပ် လုပ်ကိုင်ခွင့် လက်မှတ်မရှိသော အလုပ်သမားများကို စီမံချက်ဖြင့် ဖမ်းဆီးခဲ့ရာ အလုပ်သမား (၈၃၀)ဦးဖမ်းဆီးခံရပြီး မြန်မာအလုပ်သမား (၃၄၆)ဦး ပါဝင်ကြောင်း သိရသည်။

ဖမ်းဆီးခံရသော အလုပ်သမား (၈၃၀)မှာ မြန်မာ၊ လောနှင့် ကမ္ဘောဒီးယား အလုပ်သမား ဖြစ်ပြီး ယခုလ (၁၆)ရက်နေ့မှ (၁၉)ရက်နေ့အတွင်း ဖမ်းဆီးခဲ့ခြင်းဖြစ်ကြာင်း ထိုင်းနိုင်ငံ ဗဟိုရဲဌာနချုပ်မှ ဗိုလ်ချုပ် စထန်စရန်နုန်နှင့် ဒုတိယ ဗိုလ်ချုပ် ဥဖုန်ကိုမာကုန်တို့က ပြောသည်။

အဓိက ဖမ်းဆီးခဲ့သည့် နေရာများမှာ ဆောက်လုပ်ရေး၊ စားသောက်ဆိုင်၊ ဖျော်ဖြေရေးနှင့် ဘောလုံး လောင်းကစား လုပ်နေသည့် နေရာများမှ ဖြစ်သည်။

ဖမ်းဆီးခံရ သူများအထဲတွင် မြန်မာလူမျိုး အများစု ပါဝင်နေသဖြင့် ရေရှည်တွင် ထိုင်းနိုင်ငံ အေးချမ်းသာယာရေးနှင့် လုံခြုံရေးကို ထိပါးလာနိုင်ဖွယ်ရှိပြီး လုယက်မှုများ ပေါ်ပေါက်လာနိုင်သောကြောင့် အထူး သတိထားရမည်ဖြစ်ကြောင်း ထိုင်းဘာသာဖြင့် ရေးသားထုတ်ဝေသည့် ခေါင်စွတ်သတင်းစာတွင် ဖေါ်ပြထားသည်။

(ဓာတ်ပုံ- GHRE)

Advertisement
No comments yet

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Connecting to %s

Follow

Get every new post delivered to your Inbox.

Join 355 other followers