photayokeking-Articlesmm/old-soldiers-political-point-of-view-part-1
စစ်မှုထမ်းဟောင်းတစ်ဦး၏ နိုင်ငံရေးအမြင်- အပိုင်း (၁)
ဆောင်းပါးရှင် – သံကြိုး
စာဖတ်ပရိတ်သတ်များခင်ဗျား
ပင်တိုင်ဆောင်းပါးရှင် နိုင်ငံရေး အကျဉ်းသားဟောင်းနဲ့ စစ်မှုထမ်းဟောင်း တပ်ကြပ်ကြီးတစ်ဦးလည်း ဖြစ်ခဲ့သူ သံကြိုးက စူးရှသော အတွေးအမြင်များဖြင့် ရေးသားပေးပို့လာတဲ့ ဆောင်းပါးတစ်ပုဒ်ကို ဒီကနေ့ တင်ပြပေးလိုက်ပါတယ်။ ဒီဆောင်းပါးမှာ နအဖက စကားလုံးလှလှလေးတွေသုံးကာ အမျိုးသားနိုင်ငံရေးတို့ ဘာတို့ ပြောနေပေမဲ့ တကယ်တမ်း တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ဖို့ရာမှာ ဒါတွေဟာ အဓိက မဟုတ်ပုံ၊ မြန်မာနိုင်ငံအနေနဲ့ ကမ္ဘာမှာ မပြောနဲ့ အာရှမှာတောင် သူများနိုင်ငံတွေကို ငေးကြည့်နေရတဲ့အတွက် မိမိတို့ရဲ့ အမိမြန်မာနိုင်ငံကို အမှန်တကယ် ချစ်သူတိုင်း အပြောင်းအလဲ တစ်ခုကို မဖြစ်မနေလုပ်သင့်ပုံ၊ တိုးတက်နေတဲ့ ကမ္ဘာ့နိုင်ငံတွေက ခေါင်းဆောင်ကြီးတွေရဲ့ အဆိုအမိန့်များအား အတုယူ လိုက်နာသင့်ပုံတွေအပြင် နိုင်ငံတကာက တိုးတက်မှုအရင်းခံ အကြောင်းတရားများအား ပြည့်ပြည့်စုံစုံ သုံးသပ် တင်ပြထားရာ စာဖတ်ပရိသတ်များအား အထူးဗဟုသုတ တိုးပွါးစေပါတယ်။ အခုလို ရေးသားပေးပို့နေတဲ့ ပင်တိုင်ဆောင်းပါးရှင် သံကြိုးအား အထူးကျေးဇူးတင်ရှိပါကြောင်း ကျွန်တော်ကိုဖိုးတရုတ်မှ အဖွဲ့သားများကိုယ်စား မှတ်တမ်းတင် ဂုဏ်ပြုရင်း ဖေါ်ပြအပ်ပါတယ် ခင်ဗျား။
http://www.photayokeking.org/Articlesmm/old-soldiers-political-point-of-view-part-1.html

