Skip to content

“ဒေါ်အောင်ဆန်းစုကြည်ရဲ့ခြံထွက်ဗူးသီးနှင့် ၂၀၁၀” by ABMA

March 25, 2010

(၂၃-၃-၂၀၁၀) နေ့ နေ့လည်ပိုင်းကNLD

ဗဟိုအလုပ်အမှုဆောင်လည်းဖြစ် အဖွဲ့ဝင်လည်းဖြစ်ပြီး NLD ရဲ့ပြောရေး ဆိုခွင့်ရှိသူလည်းဖြစ်တဲ့

ရှေ့နေကြီး ဦးဉာဏ်ဝင်းဟာ ရှေ့နေကြီး ဦးကြည်ဝင်းနှင့်အတူ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်သို့ သွားရောက်တွေ့ဆုံခဲ့ပါတယ်။

ဦးဉာဏ်ဝင်းတို့ဟာ ဒေါ်အောင်ဆန်းစုကြည်နှင့် (၃) နာရီခန့် တွေ့ဆုံ ဆွေးနွေးခဲ့ကြပြီး NLD ရုံးကို ညနေ(၄)နာရီကျော်မှာ ပြန်လည်ရောက်ရှိခဲ့ပါတယ်။

NLD ရုံးမှာ သတင်းထောက်အ ချို့နဲ့တွေ့ဆုံပြီး ဒေါ်အောင်ဆန်းစုကြည်၏ သဘောထားများကို ပြန်လည်ပြောကြားခဲ့ပါသည်။

ဒေါ်အောင်ဆန်းစုကြည်က နအဖ ရဲ့ ရွေးကောက်ပွဲဥပဒေ၊နိုင်ငံရေးပါတီများ မှတ်ပုံတင်ရေး ဥပဒေနှင့် ရွေး ကောက်ပွဲကော်မရှင် ဥပဒေများ

အပေါ် ဝေဖန်ပြောကြားလိုက်ပြီး NLD ပါတီအနေနဲ့ ပါတီမှတ်ပုံတင်ရေး ရွေး ကောက်ပွဲဝင်ရေး ကိစ္စများရပ်အပေါ် (၂၉.၃.၂၀၁၀)နေ့မှာ

ပြုလုပ်မယ့် ဗဟိုဦးစီးအစည်းအဝေးမှာ ဒီမိုကရေစီ နည်းကျကျ ဆုံးဖြတ်ကြဖို့ သဘောထားပေးခဲ့ပါသည်။ထူးခြားတာကတော့ အဲဒီနေ့မှာပဲ…

ဒေါ်အောင်ဆန်းစုကြည်က ရှေ့နေကြီး ဦးဉာဏ်ဝင်းမှ တဆင့် ဗဟိုအမျိုး သမီးအဖွဲ့ဝင်များအတွက် သူမ၏ ခြံထွက် ဗူးသီးကြီးတလုံးကိုပါ

လက်ဆောင်ပေးလိုက်ခြင်းပင် ဖြစ်ပါသည်။ ဒီလို ပေးလိုက်ခြင်းအပေါ် ဗဟိုအမျိုးသမီးအဖွဲ့က “ဒေါ်အောင်ဆန်းစုကြည်ရဲ့ လက်ဆောင်ဟာ

“ဗူးဆိုရင် ဖရုံ မသီးဘူး”ဆို တဲ့ ရွေးကောက်ပွဲဥပဒေနဲ့ ပါတီမှတ်ပုံတင်ရေး ဥပဒေအပါအဝင် ကော်မရှင်ဥပဒေများကို ပြတ်ပြတ်သားသား

ဆန့်ကျင်ကြောင်းနှင့် ၎င်း ရွေးကောက်ပွဲကိုလည်း မဝင်ဘူး၊ ပါတီကိုလည်း မှတ်ပုံမတင်ဘူးဆိုတာ ပြတ်ပြတ်သားသား ပဲ ပြောဆိုလိုက်တာပဲ”

လို့ အဓိပ္ပါယ်ကောက်ယူကြပြီး အားလုံး ဝမ်းမြောက်ဝမ်းသာ ဖြစ်နေကြတယ်လို့ ခိုင်လုံ တိ ကျ သော သတင်းရပ်ကွက်မှ ကြားသိရပါသည်။

http://allburmamonksalliance.com/?p=4974

Advertisement
No comments yet

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Connecting to %s

Follow

Get every new post delivered to your Inbox.

Join 357 other followers