28.1.01.2 KNU Statement Bomb blast in Bago Division, Blame against KNU
Informaiton Written by KNU Office 28 January 2010
တောင်ငူခရိုင် ကေအဲန်ယူ တပ်မဟာ(၂) ဒေသတွင် နအဖ စစ်တပ်နှင့် ကရင်ပျောက်ကြား တပ်များ ယခုလ ၂၃၊ ၀၁၊ ၂၀၁၀ မှ ၂၄၊၀၁၊ ၂၀၁၀ ရက်နေ့ အထိ ပျောက်ကြားတိုက်ပွဲ လေးကြိမ် ဖြစ်ပွားပြီး နအဖ စစ်တပ်မှ (၄)ဦးဒဏ်ရ ရရှိကြောင်းသတင်းရရှိပါသည်။
ဖာပွန်ခရိုင် တပ်မဟာ (၅) ဒေသတွင် ၂၀၊ ၀၁၊ ၂၀၁၀ မှ ၂၃၊ ၀၁၊ ၂၀၁၀ ရက်နေ့ အထိ နအဖ စစ်တပ် နှင့် ကရင်ပျောက်ကြားများ တိုက်ပွဲလေးကြိမ် ဖြစ်ပွားပြီး DKBA နှင့်ရင်ဆိုင်တိုက်ပွဲတကြိမ် ဖြစ်ပွားကြောင်း သတင်းရရှိ။ ၄င်းတိုက်ပွဲများမှ နအဖ တပ် (၈)ဦးဒဏ်ရာရပြီး DKBA ဖက်မှ နှစ်ဦးကျဆုံးပြီး ကရင်ပျောက်ကြားများ AR ၂ လက်သိမ်းစည်းရမိ။ သည့်ပြင် ၂၊ ၀၁၊ ၂၀၁၀ ရက်နေ့ စကခ(၂၁) ခမရ (၂၃၇) မှ တပ်သား ဆန်းလင်းကို(ကိုယ်ပိုင်အမှတ်- တ/၄၁၉၃၈၄) သည် ကေအဲန်အယ်အေ တပ်မဟာ(၅)တပ်ဖွဲ့ များထံသို့  MA-1 တစ်လက်၊ ကျည်ထောင့် ၁၃၈ ထောင့်၊ ခွင်းဗုံးတလုံး ဖြင့် လက်နက်ချ ၀င်ရောက်လာ ကြောင်းသတင်းရရှိ။ (တပ်မတော်ရဲ့ သဘောထားမှန်ကို သိသွားသူတစ်ယောက်ပေါ့)
ဒူးပယာခရိုင် ကေအဲန်ယူ တပ်မဟာ(၆) ဒေသတွင်လည်း နအဖ စစ်တပ် ခမရ (၄၀၇) တပ်ခွဲ ၃ မျိုးကျော်သူ ဦးစီးတပ်မှ တပ်သား အောင်ဝင်းနိုင်(ကိုယ်ပိုင်အမှတ်-တ/၂၈၈၃၃၂) သည် MA2 တစ်လက်၊ ကျည်ထောင့် ၁၀၂ ထောင့်၊ ကျည်ကပ် ၃ချပ်၊ ခွင်းဗုံးတလုံး ဖြင့် တပ်မဟာ ၆ ထံသို့ လက်နက်ချဝင်ရောက် ကြောင်းသိရှိရ။ (လူဆိုတဲ့ အသိဥာဏ်ရှိသူတစ်ယောက် အနေနဲ့ အတွေးအခေါ်မရှိ အရိုင်းအစိုင်း တိရိစ္ဆာန်တွေနဲ့ ဘယ်ပေါင်းလို့ရမလဲ လူလူ ခြင်းဘဲပေါင်းသင်းခြင်လို့လူတွေရှိတဲ့နေရာကို လာတာပါ)
ဆက်လက်ပြီး ၂၄၊ ၀၁၊ ၂၀၁၀ ရက်နေ့ တွင် ကေအဲန်အယ်အေ တပ်မဟာ(၆) တပ်ရင်း(၁၈)တပ်ဖွဲ့ များနှင့် နအဖ ခမရ ၄၀၄ တပ်များ ထောနောခီးလေးဒေးတွင် တိုက်ပွဲဖြစ်ပွားရာ နအဖ တပ်မှ ၂ ဦးကျဆုံးပြီး ပြင်းထန်စွာ တစ်ဦးဒဏ်ရာရကာ သေဆုံးသူ နှစ်ဦးထဲမှာ တဦးသည် စစ်ကြောင်းမှူး တစ်ဦးဖြစ်ကြောင်း သတင်းရရှိပါသည်။

