Kaowao-ကောင်းဝါ(ဒီဇင်ဘာ- ၂၉)။ ။ မွန်ပြည်နယ် သံဖြူဇရပ် မြို့ ဝဲကလီကျေးရွာတွင်အခြေချထားသည့်တပ်မတော်
December 29, 2009

တန်းမြင့်လေ့ကျင့်ရေးကျောင်းတပ်နယ်မှူးမှ သံဖြူဇရပ် ဘုရားသုံးဆူမြို့ကိုပြေးဆွဲနေသော မော်တော်ယဉ်များ ကို တပ်ရိက္ခာသယ်ဆောင်ရန်အတွက် အတင်းအဓမ္မ ချောဆွဲနေသည်ဟု ကားသမားများမှ ပြောပါသည်။
အဆိုပါရိက္ခာများကို ကြာအင်းဆိပ်ကြီးမြို့နယ် အနန်း ကွင်းကျေးရွာအခြေချစစ်ဗျူဟာရုံးနှင့် ဘုရားသုံးဆူမြို့ အခြေချတပ်ရင်းအတွက် ပို့ဆောင်ပေးခဲ့ရ သည်ဟုဆို သည်။ သံဖြူဇရပ်နဲ့ ဘုရားသုံးဆူလမ်းကြောတလျှောက် ပြေးဆွဲနေသည့် တချို့ကားသမားများသည် မိမိတို့၏ကား ချောဆွဲခြင်းဘေးမှလွတ်ကင်းအောင် ငွေကြေးပေး ဆောင်ပြီးသော်လည်း ထပ်မံချောဆွဲခံနေရသည်ဟု ဆိုပါသည်။ continue
http://www.kaowao.org/b/dec09-29.php
Advertisement
No comments yet

