Skip to content

အကြီးစား comment တစ်ခု by photayokeking

December 29, 2009

ပေးပို့သူ – သိုးထိန်း (တပ်မတော် အရာရှိတစ်ဦး)

စာဖတ်ပရိတ်သတ်များခင်ဗျား

ပင်တိုင်ဆောင်းပါးရှင် တပ်မတော်အရာရှိ ဗိုလ်သိုးထိန်းရဲ့ ကျားကြီးခြေရာကြီး ဆောင်းပါးကို စည်းလုံးခြင်းရဲ့ အင်အား ၀က်ဘ်ဆိုဒ်တွင် တင်ပြပေးခဲ့ပါတယ်။ အဲဒီဆောင်းပါးရဲ့ အပိုင်း (၂) မှာ Soldier ဆိုသူတစ်ဦးက ပင်တိုင်ဆောင်းပါးရှင်အား ထင်မြင်ယူဆချက် Comment ၀င်ပေးလာတဲ့အပေါ် ဆောင်းပါးရှင် ဗိုလ်သိုးထိန်းက ပြန်လည်ရှင်းပြထားတဲ့ ဆောင်းပါးအား ဤ၀က်ဘ်ဆိုဒ်သို့ ပေးပို့လာပါတယ်။ Soldier ဆိုသူဟာ မျက်ကန်း မျိုးချစ်တစ်ဦး ဖြစ်နေကြောင်း၊ စစ်ကျွန်တစ်ဦး ဘ၀နဲ့ တိုင်းတစ်ပါးကျွန် တစ်ဦးဘ၀တို့ဟာ ကွာခြားလှခြင်း မရှိကြောင်း ဒီဆောင်းပါးမှာ ဗိုလ်သိုးထိန်းက သုံးသပ်တင်ပြထားပါ တယ်။ အလျဉ်းသင့်လို့ တင်ပြလိုရာမှာ ဗိုလ်သိုးထိန်းဟာ DSA ကျောင်းဆင်းဖြစ်ပြီး ထူးချွန်လို့ ရုရှားကဲ့သို့ နိုင်ငံခြားသင်တန်း လိုမျိုး သင်တန်းကို တက်ရောက်သင်ကြားခဲ့သူ ဖြစ်သလို ဤ၀က်ဘ်ဆိုဒ်မှာ ရေးသားတင်ပြနေသော တပ်မတော်အရာရှိများ မှာလည်း ပြန်တမ်းဝင်အရာရှိ အမှန်အကန်များဖြစ်ကာ စစ်ဘက်နယ်ဘက် အတွေ့အကြုံ ရင့်ကျက်သူများ၊ ပြည်သူ့ဘက်ကို ရပ်တည်မည့် ပြည်သူ့တပ်မတော်သားများ ဖြစ်ပါတယ်။ ဗိုလ်သိုးထိန်းရဲ့ ဆောင်းပါးကို စာဖတ်ပရိတ်သတ်များ လေ့လာ သုံးသပ်နိုင်ဖို့ ကျွန်တော် ကိုဖိုးတရုတ်က တင်ပြပေးလိုက်ရပါတယ်။ “စည်းလုံးခြင်းရဲ့အင်အား” မှာ တင်ပြထားသည့် ကျွန်တော်၏ “ကျားကြီးခြေရာကြီး” ဆောင်းပါးတွင် comment တစ်ခုကို ဖတ်လိုက်ရသည်၊၊ ကျွန်တော့်ကို ဝေဖန်ထားသော comment တစ်ခု ဖြစ်သည်၊၊ ၄င်း comment နှင့် ပတ်သက်၍ နာကျင်ခြင်း၊ ဒေါသဖြစ်ခြင်းများ မခံစားရသလို ၄င်းကဲ့သို့ ဝေဖန်သူကို ကရုဏာပင် သက်မိသည်က ကျွန်တော့် ရင်ထဲမှ လာသော သစ္စာတရား၊၊ အကြောင်းမှာ ၄င်းကဲ့သို့ ဝေဖန်သော ပုဂ္ဂိုလ်သည် စစ်တက္ကသိုလ်မှ ဆင်းသော အရာရှိများ၏ တွေးခေါ်မျှော်မြင်နိုင်မှု အရည်အချင်းနှင့် ၄င်းပုဂ္ဂိုလ် ချစ်အပ်သော တပ်မတော်သည် မည်သို့သော တပ်မတော်ဖြစ်သင့် သည်ကို ၄င်းကိုယ်တိုင် သေချာသဲကွဲစွာ မသိခြင်းပင်။ ၄င်းပုဂ္ဂိုလ်နှင့် ၄င်းပုဂ္ပိုလ်ကဲ့သို့ ခံစားနေသော အခြား ပုဂ္ဂိုလ်များ နားလည်စေလိုခြင်း အလို့ငှာ ယခုဆောင်းပါးကို ရေးလိုက်ရခြင်း ဖြစ်ပါသည်။

ကျွန်တော်ရေးသော ဆောင်းပါးများကို ဖတ်လျင် ကျွန်တော်၏ ရည်ရွယ်ချက်နှင့် ဘာကို ဖြစ်ချင်နေသနည်း ဆိုသည်ကို မြင်သာမည်ပင်၊၊ ကျွန်တော်သည် “မူ” ကို မကြိုက်ခြင်း ဖြစ်သည်၊၊ လူကို မကြိုက်ဟု တစ်ခွန်းတပါဒမျှ ပြောဆိုခြင်း မရှိပါ၊၊ အားလုံးကို လေးစားပါသည်၊၊ ကျွန်တော် မကြိုက်သောမူကို ထိုလူက ဖော်ဆောင်နေလျှင်တော့ ထို လူကိုလည်း မကြိုက်ဟု ပြောရမည်ပင်၊၊

ကျွန်တော်သည် အမိစစ်တက္ကသိုလ်မှ ဆင်းသော ကျောင်းတော်သားစစ်စစ် တစ်ယောက် ဖြစ်ပါသည်၊၊ အမိစစ်တက္ကသိုလ် သည် အမှားအမှန်ကို ခွဲခြားနိုင်သော ယောက်ျား၊ ရဲရင့်သော ယောက်ျား၊ အမှားကို ဝန်ခံရဲသော ယောက်ျား၊ တရားမျှတမှုကို မြတ်နိုးသော ယောက်ျား၊ တိုက်ရည်ခိုက်ရည် ကောင်းသော ယောက်ျားများကို မွေးထုတ်ပေးနေခြင်း ဖြစ်သည်၊၊ အမိ စစ်တက္ကသိုလ်သည် ယောက်ျားတို့ တတ်အပ်သော အဌာရသ ပညာရပ်များကို သင်ကြားပေးသည့်အပြင် စဉ်းစားတွေးခေါ် ဉာဏ် ရင့်သန်စေသောငှာ တက္ကသိုလ်ပညာရပ်များကိုပါ သင်ကြားပေးခြင်း ဖြစ်သည်၊၊ ၄င်းပညာရပ်များသည် သင်တို့၏ ဦးနှောက်၊ နား၊ မျက်စိတို့အား ပိတ်စေလို၍လော၊ ပွင့်စေလို၍လော၊၊ continue
http://www.photayokeking.org/Articlesmm/one-of-the-big-comment.html

Advertisement
No comments yet

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Connecting to %s

Follow

Get every new post delivered to your Inbox.

Join 357 other followers