Skip to content

Informaiton Written by KNU Office 23.12.

December 24, 2009


တောင်ငူခရိုင် – တပ်မဟာ(၂) ဒေသ သတင်း

ဖလေးဆာလို အခြေစိုက် ရန်သူ စကခ(၅)တပ် ဗျူဟာမှူးတစ်ဦး ပါဝင်သည့် ၄င်းတပ်ဖွဲ့  သည်ဖလေးဆာလိုမှ သပြေညွန့် သို့ ၁၆၊ ၁၂၊ ၂၀၀၉ ဆင်းသွားရန် ညနေ ၁၆း၁၆ နာရီအချိန်၌ ကျနော်တို့ အထူးပျောက်ကြားတပ်ဖွဲ့ မှ ရန်သူအား ကမူလို နှင့် ထီးမူထာ ကြားတွင် တစ်ကြိမ်တိုက်ပွဲ ဖြစ်ပွားရန် ရန်သူ တပ်မှ (၁၄)ဦးသေ၊ (၁၇)ဦး ဒဏ်ရာရ။ သေဆုံးသူများထဲတွင် ဗျူဟာမှူးတစ်ဦးပါဝင်။

၁၇၊ ၁၂၊ ၀၉ ရက်နေ့  ၁၄း၃၀ နာရီ၌ ရန်သူအား ထီးညာပယ်လို စခန်းအနီး၌ တကြိမ်ပျောက်ကြားပစ် ခတ်ရန် နအဖ တပ် (၁)ဦးဒဏ်ရာရ။

၁၈၊ ၁၂၊၀၉ နေ့ ၁၂း၃၀ အချိန်ကျနော်တို့ အထူးပျောက်ကြားတပ်ဖွဲ့ မှ ဒဏ်ရာရသောသူများအား ပြန်ပို့ သော ရန်သူတပ်အား ကလော်မီဒါးနှင့် ပလဲဝ ကြားတွင်ပစ်ခတ်ရန် နအဖ တပ် (၅)ဦးသေ၊ (၉)ဦး ဒဏ်ရာရ။ သေဆုံးသူများထဲထွင် ဗိုလ်လေး (၁)ဦးပါဝင်။

ထန်းတပင်မြို့ နယ်ရှိ ရန်သူ စကခ(၇) ဖလေးဆာလို အခြေစိုက် တပ်များသည် ၂၀၊ ၁၂၊ ၀၉ ရက်နေ့  ၌ ရွာသူရွာသားများအာ နအဖတပ် ထီးမူထါစခန်းမှ ဖလေးဆာလိုစခန်းသို့  ပေါ်တာ အဖြစ် အတင်းအကျပ်ရိတ္ခာပို့  ခိုင်းစေသည်။ အခိုင်းခံရသူများမှာ ဖလေးဆာလိုရွာ ကျား(၂၅)ဦး မ(၂၄)ဦး၊ ယာလိုရွာ ကျား(၁၅)ဦး မ(၁၄)ဦး၊ လေ့အိုလိုပေါပါ ရွာ ကျား(၇)ဦး မ(၅)ဦး၊ ပလောမူဒါးရွာ ကျား(၆)ဦး မ(၈)ဦး။

၂၀၊ ၁၂၊ ၀၉ ရက်နေ့ မှစ၍ နအဖ တပ် စကခ(၇) ဘောဂလိကြီး အခြေစိုက် တပ်များသည် ကော်သဲဒါးရွာ၊ ကလေစိုးခီးရွာ၊ ၀ါသောခိုရွာ၊ လိုကိုရွာ သားတို့ အား တအိမ်တစ်ယောက်စီ မူဒေးဖွီးဒေးမှ ကိုးဒေး၊ သအေးထ ရှိ နအဖ တပ်စခန်းများဆီသို့ ယနေ့ အထိ ပေါ်တာအဖြစ် ရိတ္ခာများ ကို နေ့ တိုင်းပို့ ခိုင်း အတင်းအကျပ်စေခိုင်းနေပါသည်။

( စကခ (၅) မှုး ခင်မောင်ဆင့်ရေ… မင်းအလှည့်တော့နီးလာပြီ၊ မိန်းမနောင် ရေး၊ သမီးနောင်ရေးတွက်ဘာမှမပူနဲ့။

သွားစရာရှိတာ ရဲရဲသွားပါ။)

ဖာပွန်ခရိုင် – တပ်မဟာ(၅) ဒေသ ရန်သူ လှုပ်ရှားမှုများ

၁၈၊ ၁၂၊ ၀၉ ရက်နေ့  ကျနော်တို့ စစ်ကြောင်းမှ တပ်ခွဲတစ်ခုက ရန်သူ အား ထိုဝါးထာ ၌ တကြိမ်သွားပစ်ခတ်ရန် ထိခိုက်ဒဏ်ရာရမှူသတင်း မသိရသေး။ ၁၈၊ ၁၂၊ ၀၉ ရက်နေ့  ၀၂း၄၀ နာရီ၌ ကျနော်တို့ အထူးပျောက်ကြားတပ်ဖွဲ့ မှ ရန်သူအား နေးစီလိုမူပလောဒေသ၌ ပစ်ခတ်ရန် ရန်သူ (၆)ဦး ဒဏ်ရာရ။ ထိုနေ့  ၁၁း၁၂ နာရီအချိန် ရန်သူနေရာ ဆ၀ယ်ကျိုး ဆေးဒေး နယ်မြေ၌ ပျောက်ကျားပစ်ခတ်ရာ ရန်သူ (၁)ဦးသေဆုံး မြင်တွေ့ ရ၊ ထို နေ့  ၁၃း၁၆ နာရီ၌ ရန်သူအား ဆ၀ယ်ကျိုး၌ ချောင်းမြောင်းပစ်ခတ်ရန် ရန်သူ အသေအပျောက်မသိရ၊ ဆက်လက်ပြီး ၁၄း၃၆ နာရီ အချိန်၌ ကျနော်တို့ နှင့် ရန်သူတပ် လိုဘွေထာ အရပ်တွင် ရင်ဆိုင်တိုက်ပွဲဖြစ်ရာ ရန်သူတစ်ဦးသေသည်ကို မြင်တွေ့ ရ။

၁၉၊ ၁၂၊ ၂၀၀၉ ရက်နေ့ ကျနော်တို့ ရန်သူတပ်နှင့် ဒါးသယ်ထာနှင့်သီရိုးထာ ကြားတွင် ရင်ဆိုင်တိုက်ပွဲဖြစ်ရာ ရန်သူ တစ်ဦးခြေထောက်တွင်ဒဏ်ရာရ။

DKBA ဘူလိုး နယ် အခြေစိုက် အင်အား(၆၀၀) ကျော် သည်ယခုအခါ နောက်တပ်အင်အား (၁၀၀) ထပ်ဖြည့် လာပြီး ခိုသွီထာ အရပ်သို့ နယ်မြေတိုးချဲ့ ၊ နောက်ထပ်အင်အား (၄၀၀) ထပ်လာမည် သတင်းရရှိ၊ ယခုဒီကေဘီအေ မှ နအဖ တပ်မ (၄၄) အား အကူအညီတောင်း၊ ခမရ ၃၁၈ တပ်ရင်း ၂ ရင်း၊ ရှေ့လုပ်ငန်းစဉ် မသိရသေး၊

ယခု နအဖတပ် စကခ (၂၁) တပ်များ ဖလါးဂေါ်၊ လိုမူပလေါ၊ စော်မူပလေါ၊ စော်ထ ဒေသ၌ နအဖတပ် စကခ(၃) တပ်များနှင့်လာရောက်ပူးပေါင်းပြီး လမ်းပြင် ရိက္ခာပို့  မပြီးသေး၊ နအဖ တပ် စကခ (၇) နှင့် စကခ (၅) တပ်ရင်းသုံးရင်း စိုးကျိုး နှင့် စီဒေး အထိရောက်ရှိလာ ကားဝါ(မြေထိုးစက်-ဖြစ်နိုင်)ပါယူလာပြီး ခေးပူ အထိရောက်လာ၇န်ရှိ။ ယခု ကျနော်တို့ (တပ်မဟာ-၅) နယ်မြေ၊ နယ်မြေခွဲ ၁၊၃၊၄ နယ်မြေတွင် ရန်သူတပ် ၀င်ရောက်မှု အင်အားများလာ။

မှတ်ချက်၊ KNU ရုံးမှသတင်းထုတ်ပြန်ချက်ကိုဘာသာပြန်ထားပြီး အနီရောငရောင်စာလုံးသည် ဘာသာပြန်သူ၏အာဘော်ဖြစ်ပါသည်။

Advertisement
No comments yet

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Connecting to %s

Follow

Get every new post delivered to your Inbox.

Join 355 other followers