Skip to content

Yoma-အာက်ခြေတပ်မှူးများ ဒီမိုကရေစီလိုလား

November 27, 2009

FRIDAY, 27 NOVEMBER 2009 10:35 ဗထူး
စစ်အစိုးရ ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲကို အောက်ခြေတပ်မှူးများ စိတ်ဝင်စားခြင်းမရှိဘဲ စစ်အာဏာရှင်စနစ်သည် မှန်ကန်ခြင်းမရှိဟု သုံးသပ်ပြောဆိုနေကြသည်။

“စားဝတ်နေရေးကိစ္စကို တပ်ကိုပဲမှီခိုနေရလို့ စိတ်သွားတိုင်း ကိုယ်မပါကြဘူး။ အပြောင်းအလဲတရပ်ဖြစ်မှ အခြားအဆင့်အတန်းများအတွက် အဆင်ပြေမှာပါ” ဟု အမည်မဖော်လိုသည့် ဒုဗိုလ်မှူးကြီးတဦးက ပြောသည်။

SPDC SOLDIER (AP)
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နေအိမ် လုံခြုံရေးတာဝန်ကျ စစ်သားတဦး (Photo: AP)

ရွေးကောက်ပွဲဖြစ်ပေါ်လာပါကလည်း စစ်အစိုးရသာ ရာသက်ပန် သက်တမ်းရှည်မည်ဖြစ်ပြီး ဗိုလ်မှူးကြီးနှင့် ဒုဗိုလ်မှူးကြီးအဆင့်များမှာ ထပ်ဆင့် ရာထူးတိုးမြှင့်ခြင်းမခံရသည်က တပ်တွင်း အကြပ်အတည်းအလွန်ကြီးမားနေကြောင်း ၎င်းက ဆက်ပြောသည်။ “ရွေးကောက်ပွဲက ဘယ်သူပဲနိုင်နိုင် အာဏာရှင်စနစ်ပဲဖြစ်မယ်။ ဒီမိုကရေစီပြည့်ဝအောင် ရမယ်လို့ ကျနော်တို့ မမျှော်လင့်ဘူး။ မဲသွားပေးလည်း အလကားပဲ” ဟု အဆိုပါဒုဗိုလ်မှူးကြီးက ဆက်ပြောသည်။

လက်ရှိ စစ်အစိုးရအနေဖြင့် ပြည်သူနှင့် အောက်ခြေဝန်ထမ်းများကို စားဝတ်နေရေးကိစ္စများဖြင့် လုံးချာလိုက်အောင် ဖန်တီးထားပြီး ရွေးကောက်ပွဲကို စိတ်မဝင်စားအောင် ပြုလုပ်ထားခြင်းသာဖြစ်ကြောင်း ၎င်းက သုံးသပ်ပြောသည်။

“တပ်မှာက အသက် ၆၀ ပြည့်ရင် နားရမယ်လေ။ သူတို့က တကယ်တမ်း မနားရဲပါဘူး။ ဒါကြောင့် ကျနော်တို့အဆင့်တွေ အောက်ခြေမှာ ပိတ်ဆို့နေတာ။ ဒီကိစ္စကို အားလုံးက မကျေနပ်ကြဘူး။ ရွေးကောက်ပွဲတောင် ဖြစ်ပါ့မလားလို့ စဉ်းစားမိတယ်” ဟု အဆိုပါဒုဗိုလ်မှူးကြီးက ဆက်ပြောသည်။

လာမည့် ၂၀၁၀ ရွေးကောက်ပွဲကို မေလအတွင်း ပြုလုပ်မည်ဖြစ်ကြောင်း တပ်မတော်အတွင်း သတင်းများ ထွက်ပေါ်နေလျက်ရှိသည်။

Advertisement
No comments yet

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Connecting to %s

Follow

Get every new post delivered to your Inbox.

Join 357 other followers