Police seize heroin from Rangoon port khitpyaing news
အေရှားဝေါလ်ဆိပ်ကမ်းတွင် ဘိန်းဖြူ (၃၈) ကီလို ဖမ်းမိ
NEJ/ ၂၉ ဇန်န၀ါရီ ၂၀၀၉
ဘိန်းဘုရင်ဟောင်း လော်စစ်ဟန်၏သား ဦးထွန်းမြင့်နိုင်ပိုင် အေးရှားဝေါလ် ဆိပ်ကမ်းမှ ထွက်ခွာပြီးဖြစ်သည့် နိုင်ငံခြား ကုန်သေတ္တာတင် သင်္ဘောတစ်စီးပေါ်၌ ဘိန်းဖြူ (၃၈) ကီလို ဖမ်းဆီးရမိကြောင်း ရန်ကုန်တိုင်း မူးယစ်အထူးတပ်ဖွဲ့မှ အမည်မဖော်လိုသူ အရာရှိတဦးက ပြောသည်။
၎င်းက “ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ဖမ်းတာ၊ သင်္ဘောက ကမ်းကနေ ထွက်ပြီ။ ပြန်ကပ်ခိုင်းပြီး ဖမ်းလိုက်တာ။ နဂိုကတော့ ဒီလိုပဲ ဆိပ်ကမ်းရဲ၊ ကျနော်တို့ မူးယစ်အထူးအဖွဲ့က လူကြီးတွေနဲ့ အပေးအယူလုပ်ပြီး ထွက်နေကြလို့ ပြောကြတယ်။ ကျနော်တို့ကတော့ အထက်က ဖမ်းဆို ဝင်ဖမ်းတာပဲ၊ အသေးစိတ်တော့ မသိဘူး” ဟု ပြောသည်။
ဖမ်းဆီးခံရသည့် သင်္ဘောမှာ KOTA TEGET ဟု အမည်ရသည့် သင်္ဘောဖြစ်ပြီး ACL သင်္ဘောလိုင်းမှဖြစ်ကြောင်း၊ ပါဝင်ပတ်သက်သည်ဟု ယူဆရသည့် သင်္ဘောသားအချို့နှင့် သင်္ဘောတာဝန်ရှိသူများကို ဆိပ်ကမ်းရဲစခန်းတွင် ယနေ့အထိ ဖမ်းဆီးထိန်းသိမ်းထားဆဲဖြစ်ကြောင်း သိရသည်။ http://www.khitpyaingnews.org/news/January_09/29-1-09c.php

